ချမ်းအေးသာစံ မေ ၁၀
မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် အခြေခံပညာဦးစီးဌာန အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး နွေရာသီကျောင်းပိတ်ရက်ကာလတွင် လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များ သိကောင်းစရာများ၊ ကြီးထွားဖွံ့ဖြိုးမှုစောင့်ကြပ်ကြည့်ရှုခြင်းနှင့်မြှင့်တင်ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သောအပြုအမူများ၊ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး Healthy Life Style အကြောင်း ကျန်းမာရေးအသိပညာပေးခြင်းသင်တန်းကို အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ဧပြီလ (၂၂)ရက်နေ့မှ မေလ (၂၁)ရက်နေ့အထိ (၁)လအကြာ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါက်တာညိုညိုတင်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒေါက်တာသီတာဝင်းတို့က အနီးကပ်ကြီးကြပ်ကာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်း(၈)ဦးတို့မှ ခြင်ကြောင့် ကူးစက်တတ်သောရောဂါအကြောင်း၊ ရေကောင်းရေသန့်၊ ကူးစက်ရောဂါအကြောင်း ကိုယ်လက်လှုပ်ရှားမှုနှင့် ကျန်းမာရေးကျန်းမာရေးအနာဂတ်အတွက် ကျန်းမာရေးအဆင့်မြှင့်ကျောင်းများထူထောင်ခြင်း၊ မျက်စိအကြောင်းသိကောင်းစရာ၊ Tuberculosis၊ HIV အကြောင်း သိကောင်းစရာ၊ အစာအုပ်စု(၃)အုပ်စာအကြောင်း၊ Anemia, Vitamin A deficiency၊ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ Hand Washing၊ သွားနှင့်ခံတွင်းကျန်းမာရေးအကြောင်းနှင့် ကျန်းမာရေးနှင့်ညီညွတ်သောအစားအသောက်များအကြောင်းကို သင်ကြားပေးလျက်ရှိသည်။
အဆိုပါ နွေရာသီကျောင်းပိတ်ရက်ကာလတွင် လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များအရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး Healthy Life Style အကြောင်း ကျန်းမာရေးအသိပညာပေးခြင်းသင်တန်းတွင် အသက် (၁၃)နှစ် မှ (၁၅)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ (၄၅)ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းနိုင်