ဟိုင်းကြီးကျွန်းမြို့၌ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ဟိုင်းကြီးကျွန်း မေ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများ အခြေခံစာတက်မြောက်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အမှတ်(၃)ရပ်ကွက်၊ အ.ထ.က အဏ္ဏဝါအခြေခံပညာ အထက်တန်းကျောင်းတွင် သင်ကြားလျက်ရှိကြောင်း သိရသည်။

ဟိုင်းကြီးကျွန်းမြို့တွင် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတက်မြောက် ရေး၏ ကဏ္ဍတစ်ခုဖြစ်သည့် အခြေခံစာတက်မြောက်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသော စာသင်ဝိုင်းများသို့ သွားရောက်၍  စာသင်သားများ သင်ကြားနေမှုများကို မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့​ပြီး အခြေခံစာတက်မြောက်ရေးအတွက် သင်တန်းသား၊ သင်တန်းသူ (၁၅)ဦးတက်ရောက်ခဲ့ကြကာ ယနေ့တွင် အခြေခံ (မြန်မာစာ) ဘာသာရပ်ကို သင်တန်းနည်းပြ ဆရာ၊ ဆရာမ (၂) ဦး၊ သင်တန်းကြီးကြပ်သည့် ဆရာမ (၂) ဦး တို့က ဧပြီလ(၈)ရက်မှ မေလ (၂၀) ရက်နေ့အထိ နေ့စဉ် နံနက် (၉) နာရီမှ (၁၂) နာရီ အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ် ကြောင်း သိရသည်။

လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း ပြန်/ဆက်)