ကျိုက်လတ် မေ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ ဆန်ဆိုင်များအား ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း ရှိ၊ မရှိ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ် ကွက်များရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်း စစ်ဆေးခြင်းကို ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးမင်းသန်းဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးဦးစီးဌာန နှင့် သက်ဆိုင်ရာဌာနများက မြို့ပေါ် ရပ်ကွက်အတွင်းရှိ ဆန်ဆိုင်များသို့ သွားရောက်၍ ဆန်အမျိုးအစားအလိုက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ၊ မရှိ စစ်ဆေးခြင်း၊ စျေးနှုန်းမြှင့်တင် ရောင်းချခြင်းအလို့ငှာ ဆန်များသိုလှောင်ထားမှု ရှိ၊ မရှိ စစ်ဆေးခြင်း၊ မှောင်ခိုဈေး ကွက်မဖြစ်ပေါ်စေရေး၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချစေရေး၊ ဈေးနှုန်းများမြှင့် တင်ရောင်းချပါက အပြစ်ပေးအရေးယူမှုများ ဆောင်ရွက်နိုင်ရေး စသည့်အချက်များအား ဆွေးနွေးမှာ ကြားခြင်းများကို ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှိုင်မင်းအောင်