ကရသူရိ မေ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ဒေသခံပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ အားလပ်သည့် အချိန်များတွင် စာပေများ အလွယ်တကူ လေ့လာဖတ်ရှုနိုင်ရေး စာဖတ်ရှိန် မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်/စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက မီးသတ်ဦးစီးဌာနသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စာအုပ်/ စာပေများ ဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတများ တိုးပွားခြင်း၊ မိမိသိလိုသည့် အကြောင်းအရာများအား စာပေများမှ အလွယ်တကူ ရှာဖွေနိုင်ခြင်းနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက သွားရောက်ငှားရမ်းပေးခြင်းဖြစ်ရာ ထိုသို့ ငှားရမ်းရာတွင် သုတ၊ ရသ၊ ကာတွန်း၊ ရုပ်ပြ၊ ဂျာနယ်၊ ဝတ္ထု၊ မဂ္ဂဇင်းစသည့် စာအုပ်များငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်ခြင်းသည် စာအုပ်၊ စာပေများ အလွယ်တကူ လေ့လာဖတ်ရှုနိုင်ရေး Mobile Library စနစ်ဖြင့် အပတ်စဉ် ငှားရမ်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)