လှိုင်မြို့နယ်၌ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် အဘိတ်ဆေးခပ်ခြင်း ပူးပေါင်းဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ပြီး (၂၀၂၄-၂၀၂၅) ပညာသင်နှစ် အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေး၊ ကျောင်းတင့်တယ် သာယာလှပရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်စေရေးတို့အတွက် ယမန်နေ့ နံနက်ပိုင်းတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြကြောင်း သိရသည်။