မြစ်သားမြို့နယ်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ရေကုသိုလ်ပြုလှူဒါန်း  

မြစ်သား မေ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မင်းဝံကျေးရွာအုပ်စု မယ်ညိုကျေးရွာရှိ အိမ်ထောင်စု(၆)စုအတွက် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ယမန်နေ့နံနက်(၁၀)နာရီအချိန်က သောက်သုံးရေဂါလံ(၁၆၀၀)အား ကုသိုလ်ပြုလှူဒါန်းခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လှူဒါန်းပွဲတွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ကျောက်ဆည်ခရိုင် လက်ထောက်ညွန်ကြားရေးမှူး  ဦးကျော်ဝင်းရွှေ၊ မြစ်သားမြို့နယ် မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်နှင့် မြစ်သားမြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့၏အကူအညီဖြင့် မြို့နယ်အတွင်းရှိ မင်းဝံကျေးရွာအုပ်စု မယ်ညိုကျေးရွာ အိမ်ထောင်စု(၆)စုအတွက် သောက်သုံးရေဂါလံ (၁၆၀၀)အား ရေကုသိုလ်ပြုလှူဒါန်းခဲ့ကြောင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ထံမှ သိရသည်။

ဝါဝါမြင့်(မြစ်သား)