မျိုးသုဉ်းမည့်အန္တရာယ်ကျရောက်နေသည့် မျိုးစိတ်များနေ့အထိမ်းအမှတ် အသိပညာပေးစကားဝိုင်းပြုလုပ်

ပုသိမ်       မေ       ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် မျိုးသုဉ်းမည့်အန္တရာယ်ကျရောက်နေသည့် မျိုးစိတ်များနေ့ အထိမ်းအမှတ် အသိပညာပေးစကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ပုသိမ်ခရိုင် Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

စကားဝိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးသူရဖြိုး၊ ဧရာဝတီတိုင်းဒေသကြီးသစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ခိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပုသိမ်ခရိုင်ဦးစီးအရာရှိ ဒေါ်ချိုမာထွန်းတို့က မျိုးသုဉ်းမည့်အန္တရာယ်ကျရောက်နေသည့် မျိုးစိတ်များနေ့ဖြစ်ပေါ်လာပုံနှင့်ရည်ရွယ်ချက်၊ မျိုးဆက်ပျက်သုဉ်း မည့် အန္တရာယ်ရှိသဖြင့် ကာကွယ်ထိန်းသိမ်းရမည့်တောရိုင်းတိရိစ္ဆာန်အမျိုးအစားများ၊ မျိုးသုဉ်းမည့်အန္တရာယ် ကျရောက်ရသည့်အကြောင်းရင်းများ၊ နိုင်ငံတကာရဲ့သတ်မှတ်ချက်များနှင့် ထိန်းသိမ်းကာကွယ်ဆောင်ရွက် နေသည့် အစီအစဉ်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် မျိုးသုဉ်းမည့်အန္တရာယ် ကျရောက် နေသည့် မျိုးစိတ်များအတွက် ထိန်းသိမ်းကာကွယ်ရေးနှင့်ပတ်သက်ပြီး ဆောင်ရွက်မှုအခြေအနေများနှင့် ပတ်သက်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

ခရိုင်ပြန်/ဆက်