တပ်ကုန်း မေ ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး ယမန် နေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဖြူစင်အိနှင့်ဝန်ထမ်းများ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုကွင်းဆင်းရာတွင် ဒုတိယဦးစီးမှူး ဒေါ်ဖြူစင်အိက အနော်ရထာရပ်ကွက်၊ “အားမာန်သစ်” ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်၊ “အလင်းအိမ်” ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်၊ ကင်မွန်းတန်းကျေးရွာအုပ်စု၊ ဆင်သေကျေးရွာ “ပညာ့အားမာန်” ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်၊ သာယာဝှမ်းကျေးရွာ “သုတကြယ်ပွင့်” ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်တို့မှ ကော်မတီဝင်များအား တွေ့ဆုံ၍ စာကြည့် တိုက်အဆောက်အဦများကို ကြည့်ရှုစစ်ဆေး၍ စာအုပ်၊ စာစောင်များ ပြန်လည်စုဆောင်းရေး၊ စာကြည့်တိုက် ဖွင့်ချိန်၊ ပိတ်ချိန်စနစ်တကျဆောင်ရွက်ရေး၊ စာအုပ်စင်၊ စာအုပ်ဗီရိုများ ပြည့်စုံရေး၊ စာအုပ်၊စာစောင်များ တိုးပွားရေးနည်းလမ်းများ၊ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရေးတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဖြူစင်အိ