ဇေယျာသီရိ မေ ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယမန်နေ့မွန်းလွဲပိုင်းက နန်းဩကျေးရွာသို ကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ထို့သို ကွင်းဆင်းဆောင်ရွက်ရာတွင် ဇေယျာသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဝေယံအောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းဆေးကုသပေးခြင်းဖြစ်ပြီး နန်းဩကျေးရွာ ဘုန်းတော်ကြီးကျောင်း(တောင်ကျောင်း)မှ သံဃာသုံးပါး၊ ကိုရင် ၁၀ ပါးနှင့် သီလရှင် တစ်ပါး၊ နန်းဩကျေးရွာအတွင်းမှ သက်ကြီးဘိုးဘွား ၃၀ ဦး တို့အား သွေးတိုး၊ ဆီးချိုရောဂါနှင့် အထွေထွေရောဂါ ရှာဖွေကုသပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)