စစ်ကိုင် မေ ၁၁
စစ်ကိုင်းမြို့၊ ရန်နိုင် အ.ထ.က(ခွဲ)သို့ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါကျောင်းဝင်းအတွင်း ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များစုပေါင်း၍ သစ်ပင်များ စိုက်ပျိုးပေးခဲ့ကြသည်။
သစ်ပင်များ စိုက်ပျိုးရာတွင် သစ်တောဦးစီးဌာနနှင့်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့ပူးပေါင်း၍ ယင်းမာ(၁၅)ပင်၊ မဲဇလီ(၁၀)ပင်၊ စိန်ပန်း(၁၅)ပင်၊ တမာ(၁၀)ပင်၊ ခရေ(၁၀)ပင်၊ ပိတောက်(၁၀)ပင်၊ စွယ်တော်(၁၀)ပင်၊ ကုက္ကို(၁၀)ပင်၊ မဲဇလီ(၁၀)ပင်၊ စုစုပေါင်း(၁၀၀)ပင်တို့အား စိုက်ပျိုးခဲ့ကြပြီး ကျောင်းဝင်းအတွင်းသို့ စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ပေးခဲ့ကြသည်။
မိုးရာသစ်ပင်စိုက်ပျိုးပွဲသို့ စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆင့်နှင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို စီမံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တက်ရောက်လာကြသည့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များအား စစ်ကိုင်းမြို့နယ် တန်ဖိုးသင့်စားသောက်ကုန်များအရောင်းဆိုင်မှ ဆီနှင့်ကြက်ဥများကို ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဇော်မြင့်နိုင်