မော်လမြိုင်ကျွန်း မေ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာရိုင်၊ မော်လမြိုင်ကျွန်မြို့နယ်၊ အမှတ် (၁၂) ရပ်ကွက်၊ (အ.လ.က) တောရကျောင်းရှေ့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့နံနက် ၈ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
“အဆိုပါဆိုင်းဘုတ်တွင် ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဟုတိုက်တွန်းထားပြီး၊ ကျောင်းအပ်နှံရေးသီ တင်းပတ်အနေဖြင့် မေလ (၂၃) ရက်နေ့မှ ဇွန်လ (၂) ရက်နေ့အထိ သတ်မှတ်ထားသည်။
အဆိုပါ ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးမင်းလွင်၊ အဖွဲ့ဝင် (၂) ဦးစောဝဏ္ဏ၊ အတွင်းရေးမှူး ရဲမှူး မိုးစိန်၊ မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်မာမူနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ဒုတိယပညာရေးမှူး ဦးညွှန့်ဆန်းဝင်းနှင့် ပညာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး ဆိုင်းဘုတ်အား အမွှေးနံ့သာရည် ပက်ဖျန်းပေးခဲ့ကြကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)