အင်းတော်မြို့ အောင်မေတ္တာရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(အင်းတော်) စာသင်ကျောင်းဝင်းအတွင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

အင်းတော် မေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ အောင်မေတ္တာရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(အင်းတော်)၊ ကျောင်းဝင်းအတွင်းကျောင်းဥပဓိရုပ်ကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာလှပစေရေးအတွက် ယနေ့ နံနက် နာရီအချိန်က အင်းတော်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းကော်မတီများစုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ယခုကဲ့သို့ ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်းပြီး မြို့နယ်အတွင်း ဖွံ့ဖြိုးသာယာလှပရေးလုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြို့ပြဖွံ့ဖြိုးသာယာလှပရေးနှင့်မြို့နယ်တွင်းရှိ စာသင်ကျောင်းများ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပစေရေး၊ မြို့နယ်အတွင်း အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးလုပ်ငန်းများကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း အင်းတော်မြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးဖုန်ဂရိန်က ပြောပြခဲ့သည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်သည့်နေရာသို့ အင်းတော်မြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဌာနပေါင်းစုံမှဝန်ထမ်းများ၊ ကျောင်းကော်မတီဝင်များ၊ ဆရာ/ဆရာမများလာရောက်၍ ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် ခြုံနွယ်များ၊ မြက်များ၊ အမှိုက်သရိုက်များ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

( ကျော်သီဟ )