မိုင်းဆတ်မြို့၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီမှ စီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

မိုင်းဆတ် မေ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီမှ စီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ (၂) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက စီမံကိန်းလုပ်ငန်းတာဝန်ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားပြီး ခရိုင်စီမံကိန်းဦးစီးမှူး ဦးသက်ခိုင်က ဒေသန္တရစီမံကိန်းရည်မှန်းချက်နှင့် လုပ်ငန်းစီမံကိန်းတို့ကို ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တို့က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းတာဝန်ပေးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်ထံသို့တာဝန်ပေးအပ်ခြင်း၊ လုပ်ငန်းစီမံကိန်းများကိုယ်စား ခရိုင်လမ်းဦးစီးဌာန ခရိုင်ဦးစီးမှူးအား တာဝန်ပေးအပ်ခြင်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍကိုယ်စား ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်စိုက်ပျိုးရေးဦးစီးမှူးအား တာဝန်ပေးအပ်ခြင်း၊ သားငါးကဏ္ဍကိုယ်စား ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူးအား တာဝန်ပေးအပ်ခြင်း၊ လျှပ်စစ်ဓာတ်အားကဏ္ဍကိုယ်စား ခရိုင်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာန ခရိုင်ဦးစီးမှူးတို့အား တာဝန်အသီးသီး ပေးအပ်ခဲ့သည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက စီမံကိန်းလုပ်ငန်းတာဝန်များကိုဆောင်ရွက်ရာတွင် နိုင်ငံတော်မှခွဲဝေချပေးသည့် ရန်ပုံငွေများဖြင့် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်သူလူထုအကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းများကို အလေးထားဆောင်ရွက်ကြစေလိုကြောင်း ထပ်ဆင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)