ကန်ကြီးထောင့်မြို့နယ်အတွင်း သောက်သုံးရေရှားပါးသည့် ကျေးရွာများသို့ သောက်သုံးရေများ လှူဒါန်း

ကန်ကြီးထောင့် မေ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှကြီးမှူး၍ မြို့နယ်အတွင်း သောက်သုံးရေးရှားပါးသည့်ကျေးရွာများသို့ သောက်သုံးရေများလှူဒါန်းလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အမှတ်(၇)ရပ်ကွက်၊ ဘဲဂရက်လေးကျေးရွာတွင် သောက်သုံးရေများ လှူဒါန်းပေးခဲ့ကြသည်။

ထိုသို့ သွားရာက်လှူဒါန်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲနိုင်လွင်နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုး၏ဦးဆောင်မှုဖြင့် လက်ထောက်မီးသတ်ဦးစီးမှူး ဦးတက်နိုင်ထွန်းနှင့် သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များက ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ဘဲဂရက်လေးကျေးရွာရှိ ဒေသခံပြည်သူများအတွက်  သောက်သုံးရေဂါလံ (၈၀၀)အား သွားရောက်လှူဒါန်းပေးခဲ့ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲနိုင်လွင်နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုးတို့က ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ဘဲဂရက်လေးကျေးရွာရှိ ဒေသခံပြည်သူများ၏ သောက်သုံးရေရရှိမှုအခက်အခဲများနှင့် ရေတွင်းရေကန်များတူးဖော်ထားရှိမှုများအား ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌သွားရောက်ကြည့်ရှုမေးမြန်းခဲ့ကြရာ ကျေးရွာအုပ်ချုပ်ရးမှူးနှင့်တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)နှင့် မြို့နယ်မီးသတ်ဦးစီးမှူးတို့က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)