မိုင်းတုံမြို့၌ မိုးကြိုးဘေး၊ လေပြင်းဘေးနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များအား အသိပညာ‌ပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

မိုင်းတုံ မေ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၌ မိုးကြိုးဘေး၊ လေပြင်းဘေးနှင့် ပတ်သက်၍ဆောင်ရန်ရှောင်ရန်ဆိုင်ရာအချက်များ အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က မြို့နယ်ဘေးန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲမှူးမြင့်အောင်၊ မြို့နယ်စည်ပင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်၊ မြို့နယ်သစ်‌တောတို့ပူး‌ပေါင်း၍ လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။

 အဆိုပါ အသိပညာပေးနှိုးဆော်ရာတွင် မိုးကြိုးဘေး၊ လေပြင်း‌ဘေး ကျရောက်လာပါက ထိရောက်ရောက်ကာကွယ်နိုင်ရန် မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံးမိမိအိမ်၌သာနေထိုင်ရန်၊ မိမိအိမ်၏ကြံ့ခိုင်မှုကိုပုံမှန်စစ်ဆေးပြီး တောင့်တင်းခိုင်မာအောင်ပြုလုပ်ထားပါ၊ လေပြင်ဒဏ်ခံနိုင်စေရေးအတွက် လိုအပ်သည့်နေရာများတွင် ထောက်တန်းများ/ဒေါက်တိုင်များထပ်မံအားဖြည့်တပ်ဆင်ပါ၊ မြေဝင်အိမ်တိုင်လိုအပ်လျှင်တိုင်ဖိနပ်ပတ်လည်တွင်‌မြေဖို့၍ သိပ်သည်းကျစ်လစ်အောင်ဆောင်ရွက်ပါ၊ သွပ်မိုးဖြစ်ပါကအစွန်ကျနေရာများတွင် သွပ်၊သံ စိပ်စိပ်ရိုက်ပါ၊ သွပ်နန်းကြိုးဖြင့်ခိုင်မြဲစွာချည်နှောင်ပါ၊ အိမ်အနီးရှိကျိုးကျနိုင်သောသစ်ပင်/ သစ်ကိုင်းများကိုခုတ်ထွင်ရှင်းလင်းထားပါ၊ လေပြင်တိုက်ခက်ချိန်တွင် အမှိုက်များနှင့်ပစ္စည်းများ လေနှင့်အတူလွင့်ပါက အန္တရာယ်ဖြစ်စေနိုင်သောကြောင့် အပြင်သို့မထွက်ပါနှင့်၊ တံခါးများပြတင်းပေါက်များကိုမြဲမြံစွာပိတ်ပါ၊ မှန်ပြတင်းပေါက်များနှင့်ဝေးရာတွင်နေထိုင်ပါ၊ လေတိုက်ခက်မှုအလွန်ပြင်ထန်ပါက ခိုင်ခံ့သောစားပွဲ(သို့မဟုတ်)ခိုင်ခံ့သော အရာဝတ္ထုတစ်ခုခုအောက်တွင်အကာအကွယ်ယူပါ၊ လျှပ်စစ်နှင့်ဆိုင်သောပစ္စည်းများကိုလည်း ခလုတ်ပိတ်၍ပလပ်ဖြုတ်ထားပါ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်‌ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ လမ်းညွှန်ချက်များကို စနစ်တကျလိုက်နာဆောင်ရွက်ရန်စသည့်အချက်များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်ရေး ဟန်းစပီကာဖြင့် မြို့ပေါ်(၃)ရပ်ကွက်နှင့် ကျေးရွာများသို့ အသိပေးနှိုးဆော်ခြင်းနှင့် မိုးကြိုးဘေး၊ လေပြင်းဘေးနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များအား အသိပညာ‌‌ပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေးပေးခဲ့ကြောင်း သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)