သာယာဝတီမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အင်ကြင်းပင် ပင်စည်မှလဲကျ၍ ကားဂိုဒေါင်ပြိုလဲ ပျက်စီး

သာယာဝတီ မေ ၁၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ယမန်နေ့ ညနေ ၅ နာရီခန့်က လေပြင်းတိုက်ခတ်မှုကြောင့် အင်ကြင်းပင် ပင်စည်မှလဲကျ၍ပြိုလဲပျက်ဆီးခဲ့ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ငဖြူကလေးကျေးရွာအုပ်စု၊ ငဖြူကလေးကျေးရွာရှိ နယ်မြေမီးသတ်စခန်းအရှေ့ဘက် ရန်ကုန်-ပြည် ကားလမ်းဘေး ပန်းရံဘုန်းတော်ကြီးကျောင်းတိုက်အတွင်းရှိ လုံးပတ် ၅ ပေခန့်၊ အရှည် ၃၀ ပေခန့်ရှိသော အင်ကြင်းပင်သည် ပင်စည်မှလဲကျ၍  ကားဂိုဒေါင်ပြိုလဲပျက်စီးမှုဖြစ်ပွားခဲ့ကြောင်းနှင့် လူနှင့်တိရစ္ဆာန်များထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေပြည်သူများက ကူညီဆောင်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)