မြစ်သား မေ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပေါက်မြိုင်ကျေးရွာအုပ်စု၊ ပေါက်မြိုင် ကျေးရွာအတွင်းရှိ ဒေါ်ဘုတ်ဆုံ၏နေအိမ်တွင် ယနေ့နံနက် (၁) နာရီ(၅) မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ဒေါ်ဘုတ်ဆုံ၏နေအိမ်ရှိ မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိ ထရံသို့ကူးစက်ရာမှ စတင်မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးလောင်မှုကြောင့် ၂၀ x ၃၀ ပေ သွပ်မိုး ၊ ထရံကာ ၊ ကြမ်းခင်း (၂) ထပ် လူနေအိမ် (၁)လုံး မီးလောင်ကျွမ်းခဲ့သည်။
မီးလောင်မှုဖြစ်ပွားရာသို့ မြစ်သားမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးအောင်မင်းကျော် ဦးစီး၍သန္ဓေတပ်ဖွဲ့ဝင်(၁၀)ဦး၊ အရန်တပ်ဖွဲ့ဝင်(၃)ဦး မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ (၁)နာရီ (၁၃) မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးပေါ့ဆစွာသုံးစွဲသူအား မြစ်သားမြို့နယ် ရစ်ကန်နယ်မြေရဲကင်းစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)