ကြံခင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ပညာနှင့် ဘဝ အောင်မြင်ရေးလမ်းညွှန်စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက်(၁၁)နာရီက စာပေချစ်မြတ်နိုးသူများအသင်း Book Club, Women Club အဖွဲ့ဝင်များနှင့် စာရေးဆရာ ညီညီနိုင် ရေးသားသော “ပညာနှင့်ဘဝ အောင်မြင်ရေးလမ်းညွှန်” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ သည်။

ပြင်ဦးလွင်မြို့နယ်  အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင်   စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး ဟောပြော ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့‌မွန်းလွဲ (၁)နာရီက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းနှင်းအေးက အဖွင့်အမှာစကားပြောကြားပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက  ဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး ဟောပြော‌ပွဲ ကျင်းပ

လူငယ်ကဏ္ဍကိုမြှင့်တင်‌ဆောင်ရွက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့‌ မွန်းလွဲ (၁)နာရီအချိန်က ပြင်ဦးလွင်မြို့နယ်‌‌ သင်္ဂတုံ (မူလွန်) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးက ဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

လူထုအခြေပြုဗဟိုဌာန(ဗဟန်း)တွင် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) ရှိ ဘက်စုံသုံးခန်းမတွင် ယမန်နေ့နံနက် ၁၁ နာရီက စာရေးဆရာ Dr.မောင်အောင် ရေးသားသည့် “စီးပွားရေးလုပ်ငန်းရှင်များအတွက် အားဆေးတစ်ခွက်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ (ဒုတိအကြိမ်)ငလျင်ဘေးအန္တရာယ် ခံစားခဲ့ရသည့် ဒေသခံပြည်သူများအားငွေများပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ (ဒုတိအကြိမ်) ငလျင်ဘေးအန္တရာယ်ခံစားခဲ့ရသည့် ဒေသခံပြည်သူများအား ငွေများအားပေးအပ်ခြင်းကို ယ‌မန်နေ့နံနက်ပိုင်းက ရွှေသူဌေးရပ်ကွက်ရှိ မြို့နယ်ခန်းမ၌ ပေးအပ်လျက်ရှိကြောင်း သိရသည်။

ပေါင်းတည် မျိုးသန့်ခြံ၌တောင်သူများလေ့လာနိုင်ရန် အထွက်နှုန်းယှဉ်ပြိုင်စမ်းသပ်ကွက်များ စိုက်ပျိုးထား

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန(မျိုးစေ့ဌာနခွဲ) မျိုးသန့်ခြံ၌ တောင်သူများအတွက် သက်လတ်စပါးမျိုးများ အထွက်နှုန်းယှဉ်ပြိုင် စမ်းသပ်ကွက်များ စိုက်ပျိုးထားကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး မဲစာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး မဲစာရင်းများပြည့်စုံမှန်ကန်မှုရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

(၃၈)ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များပူဇော်ကန်တော့ပွဲအတွက် အလှူငွေများ ဆက်လက်လှူဒါန်း

၁၃၈၇ခုနှစ်မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ်(၃၈)ကြိမ်မြောက်သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် အလှူငွေများဆက်လက်လှူဒါန်းလျက်ရှိရာ ကွယ်လွန်သူ မိဘများဖြစ်ကြသော ဦးမောင်မောင်လတ်(စာရေးဆရာ သက်မောင်)+ ဒေါ်ကြွယ်ကြွယ် (စာရေး ဆရာမကြီး မကြွယ်ကြွယ်)၊ ကွယ်လွန်သူ မောင်များဖြစ်ကြသော (ဦးစိုးမြတ်)နှင့် (ဦးချစ်ကြည်)တို့အားရည်စူး၍ ဒေါ်ချိုချိုလတ် မိသားစုကအလှူငွေ ကျပ်ငါးသိန်း၊ ဦးမြင့်သိန်း (မောင်မောင်မြင့်သိန်းစက်မှု)နှင့်ဗဟန်းမြို့နယ်စာရေးဆရာအသင်းတို့က ငွေကျပ်တစ်သိန်းစီ၊ လှိုင်မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာကြယ်နီလေး(ဥပ​ဒေ)က ငွေကျပ်ငါးသောင်း၊ ဒေါက်တာမြင့်သန်းထွန်း(ပြည်သူ့ကျန်းမာရေး)က ငွေကျပ် ၂၂၀၀၀၀ိ/-တန်ဖိုးရှိ စာအုပ်များ ပေးအပ်လှူဒါန်းကြရာ အသင်းဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)နှင့် ဒုတိယဥက္ကဋ္ဌ(၁) ဦးမျိုးထွန်း(မောင်စိမ်းနောင်လယ်ဝေး)တို့က လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဝန်ထမ်းများ၊ စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဉီးတိန့်ဆောင်သည် စက်တင်ဘာ (၂၀)ရက်က ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာန ဝန်ထမ်းများနှင့် ပူတာအိုမြို့အတွင်း စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံသည်။

လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းအသုံးပြုခြင်းများအား ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းအသုံးပြုခြင်းများအား ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၉ ရက် နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Subscribe to