ငါန်းဇွန်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်လွှတ်တော်ကိုယ်စာလှယ်များနှင့် မြိုနယ်အဆင့် ဌာနဆိုင်ရာအကြီး အကဲများ၊ ပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲအချိန်က ငါန်းဇွန်မြို့ လောကနတ်ခန်းမ၌ ကျင်းပခဲ့သည်။

ညောင်လေးပင်မြို့၌ ရန်ကုန်-မန္တလေး-နေပြည် တော်အမှတ်(၁၁)အဆန်နှင့်အမှတ်(၅) အဆန် Diesel Electric Multiple Unit (DEMU) မီးရထားစတင်ပြေးဆွဲလျက်ရှိ

မြန်မာ့မီးရထားအနေဖြင့် ပြည်သူများခရီးသွားလာမှုလွယ်ကူ အဆင်ပြေချော့မွေ့စေရေးအတွက်ရထားလမ်းပိုင်းအသီးသီးတွင် လူစီးရထားများပြေးဆွဲဆောင်ရွက်ပေးလျက်ရှိပြီး မေလ ၁ရက်နေ့မှစ၍ ရန်ကုန်-မန္တလေး-နေပြည်တော်အမှတ်(၁၁) အဆန်နှင့် Diesel Electric Multiple Unit (DEMU) မီးရထားနှင့် အမှတ်(၅)အဆန် Diesel Electric Multiple Unit (DEMU)မီးရထား စတင်ပြေးဆွဲလျက်ရှိရာ ညောင်လေးပင်ဘူတာသို့ရောက်ရှိရပ်တန့် ပြေးဆွဲသွားမည်ဖြစ်ကြောင်းသိရသည်။

မွန်ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦး မော်လမြိုင်လေဆိပ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး

မွန်ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးသည် ယမန်နေ့နံနက်ပိုင်းတွင် မော်လမြိုင်လေဆိပ် သို့ရောက်ရှိရာ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးက လေဆိပ်လုပ်ငန်းဆောင်ရွက်နေမှုများ၊ လုံခြုံရေးစီမံဆောင်ရွက်ထားရှိမှုနှင့် လေဆိပ်မီးသတ်ဌာနလုပ်ငန်းဆောင်ရွက်နေမှု၊ လေဆိပ်ခြံစည်းရိုးကာရံခြင်းလုပ်ငန်းတို့ကို ရှင်းလင်းတင်ပြသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ စတုတ္တအကြိမ်မြောက် သက် အမျိုးသားနေ့ အခမ်းအနား ကျင်းပ

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော သက် တိုင်းရင်းသားတစ်မျိုးလုံး၏ အလေးအမြတ်ထားရာ နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ထားသည့် သက်အမျိုးသားနေ့ကို နှစ်စဉ် မေလ (၁)ရက်နေ့တွင် ကျင်းပလျက်ရှိရာ စတုတ္တအကြိမ်မြောက် သက် အမျိုးသားနေ့ကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၈၇)ရပ်ကွက်၊ သုခိတာလမ်းရှိ ဇောတိကာရုံကျောင်းတိုက်တွင် ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်  ၂၀၂၆ ခုနှစ် ၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

၂၀၂၆ ခုနှစ် ၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အထိမ်းအမှတ်အခမ်းအနားကို မေလ ၁ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရန်ကုန်-နေပြည်​တော်အမှတ်(၃၁)အဆန်၊ အမှတ်(၃၂) အစုန် Diesel Electric Multiple Unit (DEMU) မီးရထားစတင်ပြေးဆွဲလျက်ရှိ

မြန်မာ့မီးရထားအနေဖြင့် ပြည်သူများခရီးသွားလာမှု လွယ်ကူအဆင်ပြေချော့မွေ့စေရေးအတွက်ရထားလမ်းပိုင်း အသီးသီးတွင် လူစီးရထားများပြေးဆွဲဆောင်ရွက်ပေးလျက်ရှိပြီးမေလ ၁ရက်နေ့မှစ၍ ရန်ကုန်-နေပြည်တော်အမှတ်(၃၁) အဆန် Diesel Electric Multiple Unit (DEMU)မီးရထားနှင့် နေပြည်တော်-ရန်ကုန်အမှတ်(၃၂)အစုန် Diesel Electric Multiple Unit (DEMU) မီးရထားစတင်ပြေးဆွဲလျက်ရှိရာ ဒိုက်ဦးဘူတာသို့ရောက်ရှိရပ်တန့်ပြေးဆွဲသွားမည်ဖြစ်ကြောင်းသိရသည်။

မန္တလေးမြို့တော်ခန်းမတွင် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အခမ်းအနား ကျင်းပ

မေလ(၁)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အခမ်းအနားကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမတွင် ယမန်​နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်းသိရသည်။

ထန်းတပင်မြို့နယ်၌ တောင်သူများအားစပါးခေါင်နှံဖြင့် မျိုးကောင်းမျိုးသန့်ရွေးချယ်ထိန်း သိမ်းနည်းများလက်တွေ့ပြသ

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသခံတောင်သူများအား အချိန်အတိုအတွင်းလိုအပ်သည့် စပါးမျိုးပမဏများကို မြန်မြန်ဆန်ဆန်ရရှိနိုင်ရန်အတွက် စပါးခေါင်နှံဖြင့် မျိုးကောင်းမျိုးသန့်ရွေးချယ် ထိန်းသိမ်းနည်းလက်တွေ့ကွင်းသရုပ်ပြပွဲကို ယမန်နေ့က ရေပေါ်သောင်ကျေးရွာတွင်ကျင်းပပြုလုပ်ခဲ့ကြသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၆ ခုနှစ် လူရည်ချွန်စခန်းများသို့ သွားရောက်မည့် လူရည်ချွန်ကျောင်းသား/သူများအား ထောက်ပံ့ငွေများ ပေးအပ်

ပဲခူးမြို့ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ၂၀၂၆ ခုနှစ်၊ လူရည်ချွန်စခန်းများသို့ သွားရောက်မည့် လူရည်ချွန်ကျောင်းသား/သူများသည် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းထံမှ ဩဝါဒခံယူခဲ့ကြောင်းနှင့် ဘက်စုံထူးချွန် လူရည်ချွန်ကျောင်းသား/သူများက တစ်ဦးချင်း မိတ်ဆက် ဂါရဝ ပြုခဲ့ကြောင်း သိရသည်။

မကွေးမြို့တွင် စက်သုံးဆီကိုင်တွယ်ထိန်းသိမ်းခြင်း အခြေခံသင်တန်းနှင့် စက်သုံးဆီသယ်ယာဉ် ကိုင်တွယ်ထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်‌ဆေးရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးမှ မကွေးမြို့နယ်အတွင်းရှိ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်၊ သိုလှောင်ကန်စခန်းများတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား  စက်သုံးဆီများ သယ်ယူသိုလှောင်ဖြန့်ဖြူးရောင်းချရာတွင် သိရှိနားလည်ပြီး စနစ်တကျ ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ စက်သုံးဆီကိုင်တွယ်ထိန်းသိမ်းခြင်း အခြေခံသင်တန်းနှင့် စက်သုံးဆီသယ်ယာဉ်ကိုင်တွယ်ထိန်းသိမ်းနည်းသင်တန်း (၁/၂၀၂၆) ကို ဧပြီလ ၂၉ ရက်နေ့က မကွေးမြို့ရှိ ထိန်ထိန်သာဟိုတယ်တွင် ဖွင့်လှစ်သင်ကြား ပို့ချပေးခဲ့သည်။
Subscribe to