ကဆုန်လပြည့်နေ့တွင် နိုင်ငံတစ်ဝန်းရှိ မြို့နယ်များ၌ ကဆုန်ညောင်ရေသွန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲများ ကျင်းပ
မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် ကဆုန်လပြည့်နေ့ကို “ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန် မှတ်ရန် ဗုဒ္ဓနေ့” ဟူသည့် စာဆိုနှင့်အညီ နိုင်ငံတစ်ဝန်းမြို့နယ်များရှိ မဟာဗောဓိညောင်ပင်များ၊ စေတီပုထိုးများတွင် မြတ်စွာဘုရားရှင်၏ ဂုဏ်တော်ကိုရည်မှန်းကာ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်းနှင့် ဆရာတော်၊ သံဃာတော်များ၊ သာသနာနွယ်ဝင်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲများကို ကျင်းပကြသည်။