မြစ်ကြီးနားမြို့ (Community Centre) ၌ ဌာနဆိုင်ရာ ဝန်ထမ်းအမျိုးသမီးများအတွက် အခမဲ့ ပန်းအလှဆင်သင်တန်းဖွင့်လှစ်ပေး
ကချင်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းအမျိုးသမီးများ မိသားစုအပိုဝင်ငွေ ရရှိစေရေးနှင့် ဌာနဆိုင်ရာ အခမ်းအနားများတွင် မွန်းမန်ပြင်ဆင်ပေးနိုင်ရေးအတွက် အခမဲ့ပန်းအလှဆင် သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ ယနေ့ နံနက် ၈ နာရီက မြစ်ကြီးနားမြို့ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ဖွင့်လှစ်ပေးခဲ့သည်။