မိုးညှင်းမြို့နယ် သာယာကုန်းခေတ်မီစံပြကျေးရွာ၌ ရက်(၁၀၀)စီမံချက်ဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပထမ ရက်(၁၀၀)စီမံချက်ဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက် သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီက သာယာကုန်းခေတ်မီစံပြကျေးရွာရှိ အောင်စည်သာ ယာခန်းမ၌ ကျင်းပသည်။

ပေါင်မြို့နယ်၌ ဖူးစားပြောင်းများ အောင်မြင်ဖြစ်ထွန်း

မွန်ပြည်နယ် ပေါင်မြို့နယ်ရှိ ကျေးရွာများတွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသည့် ဖူးစားပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားစေရေးအတွက် ရိုးရိုးသကြားပြောင်းဖူးနှင့် ကောက်ညှင်းပြောင်းဖူးများကို အများဆုံးစိုက်ပျိုးကြပြီး ဒေသပေါက်စျေး တစ်ဖူးလျှင် ငွေကျပ် (၄၀၀) မှ (၅၀၀) ကျပ်အထိ မြို့ပေါ်စျေးများတွင် ရောင်းချရကြောင်း သိရသည်။

ပူတာအိုမြို့၌ ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော်နှင့် ညောင်ရေသွန်းပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုမြို့ တောင်တန်းသာသနာပြု(ဗဟို)ကျောင်းတိုက်၌ ယမန်နေ့မွန်းလွဲ (၂)နာရီတွင် ကဆုန်လပြည့်ဗုဒ္ဓနေ့ပွဲတော်အကြောင်း ဩဝါဒခံယူခြင်း၊ ဗုဒ္ဓဆင်းတုတော်ဖြင့် ဗုဒ္ဓနေ့အခမ်းအနားကို မြို့တွင်းသို့ လှည့်လည်ပူဇော်ခံခြင်းနှင့် ညောင်ရေသွန်းပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အထိမ်းအမှတ် အခမ်းအနားတက်ရောက်

မကွေးမြို့တွင် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မကွေးမြို့၊ မြိုတော်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဠ ဒေါက်တာမောင်မောင်ဌေး၊ နယ်မြေခံတပ်နယ်မှအရာရှိကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း‌ဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး / ခရိုင် / မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စက်ရုံအလုပ်ရုံလုပ်ငန်းရှင်များ၊ အလုပ်သမားကိုယ်စားလှယ်များ၊ MSME လုပ်ငန်းရှင်များ တက်ရောက်သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး တက်ရောက်

ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပပြုလုပ်သည့် (၂၀၂၆)ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် စုပေါင်းရုံး၊ မြို့နယ်ခန်းမတွင် ပြုလုပ်ရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးနှင့် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ လူမှုဖူလုံရေးအဖွဲ့ညွှန်ကြားရေးမှူးချုပ်၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစိစစ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ UMFCCIမှ ညွှန်ကြားရေးမှူးချုပ် CTUM ဥက္ကဋ္ဌတို့နှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စက်ရုံ / အလုပ်ရုံများမှ အလုပ်သမားများ တက်ရောက်ကြသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ သဝဏ်လွှာဖတ်ကြားခြင်းနှင့် ကဆုန်လပြည့်နေ့ ဆရာတော် သံဃာတော်၊ သီလရှင်(၂၃၈၀) ပါးအား ပဲဆွမ်းလောင်းလှူခြင်းနှင့် စတုဒိသာမင်္ဂလာအခမ်းအနားတက်ရောက်

နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကအရေးပါသည့်  အင်အားစုကြီးတစ်ခုဖြစ်သော အလုပ်သမားများ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုဂုဏ်ပြုသောအားဖြင့် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

တနိုင်းမြို့နယ်တွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့)၌ ကဆုန်ညောင်ရေသွန်းပွဲနှင့် ပရိတ်တရားတော် နာယူပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် ဇေယျာသီရိဘုန်းတော်ကြီးကျောင်းတွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့)၌ ကဆုန်ညောင်ရေသွန်းပွဲတော်ကို ယမန်နေ့ ညနေ ၃ နာရီက စည်ကားသိုက်မြိုက် စွာကျင်းပခဲ့သည်။
Subscribe to