မွန်ပြည်နယ်ဝန်ကြီးချုပ် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် စုပေါင်း သွေးလှူဒါန်းနေမှုကြည့်ရှုအားပေး
၂၀၂၅ ခုနှစ် အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်မည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှစ်ပတ်လည်နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရဲမှူးကြီးထွန်းအောင်ကျော်၊ဒုပြည်နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြီးဉာဏ်ဝင်းတို့မှဦးစီး၍ ယမန်နေ့နံနက်ပိုင်းက မော်လမြိုင် မြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၊ သွေးလှူဘဏ်၌ ကျင်းပပြုလုပ်ခဲ့သည်။