ဟားခါး မေ ၂
၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အထိမ်းအမှတ်အခမ်းအနားကို မေလ ၁ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ၊ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ ဦးမင်းအောင်လှိုင်ထံမှ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအားချင်းပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ စည်သူဒေါက်တာဝုန်ဆွန်းထန်က ဖတ်ကြားသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အထိမ်းအမှတ် Video Clip ပြသပြီး ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အသက်မွေးဝမ်းကျောင်းသင်တန်းများတက်ရောက်၍ လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြသည့် လုပ်ငန်းရှင်များကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနာယက ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ဒိမ်ခန့်လွင်၊ ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်း၊ ချင်းပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဦးမြတ်စံ၊ ချင်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးသန့်စင်ဦး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေး ဝန်ကြီး ဒေါက်တာလျန်ဇခုပ်၊ လူမှုရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးပေါင်ဇလန်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဝင်းဇော်ဦး ၊ စည်ပင် သာယာရေးဝန်ကြီး ဦးအောင်ကျော်ဌေးနှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဇော်ဝင်းဌေးတို့က ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားများနေ့ အထိမ်းအမှတ်အသိပညာပေးဟော ပြောဆွေးနွေးပွဲကျင်းပရာ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့၏ နောက်ခံသမိုင်းကြောင်းနှင့် အလုပ်သမားများအတွက် ဆောင်ရွက်ပေးမှုများကို ပြည်နယ်အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဟုန်းကီးကလည်းကောင်း၊ အလုပ်သမားများ၏ လူမှုစီးပွားဆိုင်ရာအရေးပါမှု ခေါင်းစဉ်ဖြင့် ပြည်နယ်ပညာရေးမှူး ဦးရွှေလိန်းကလည်းကောင်း၊ နည်းပညာနှင့် Skillful Labour များမွေးထုတ်ခြင်းခေါင်းစဉ်ဖြင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၊ ကျောင်းအုပ်ကြီး ဦးဗန်ဘွေထောင်း ကလည်းကောင်း၊ အလုပ်သမားများ၏ Safe Migration အတွက် အခြေခံလိုအပ်ချက်များခေါင်းစဉ် ဖြင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးရဲမင်းမြတ်ကလည်းကောင်း၊ ပိုမို ဖွံ့ဖြိုးတိုးတက်လာသော အလုပ်သမားဥပဒေများခေါင်းစဉ်ဖြင့် ဟားခါးတက္ကသိုလ်မှ ဒေါက်တာ နီနီခိုင်ကလည်းကောင်း၊ အလုပ်သမားတို့၏ မျှတသောဘဝအတွက် မျှော်လင့်ချက်နှင့် ယနေ့ခေတ် အလုပ်သမားအခွင့်အရေးများ၏ ဖွံ့ဖြိုးတိုးတက်မှုခေါင်းစဉ်ဖြင့် ဟားခါးတက္ကသိုလ်မှ ဒေါ်ဇွန်ရူပါမြင့် ကလည်းကောင်း အသိပညာပေး ဟောပြောဆွေးနွေးကြပြီး ဟောပြောဆွေးနွေးချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ထပ်မံဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)