စမ်းချောင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့၀န်ထမ်းများအား UID ကောက်ယူခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့၀န်ထမ်းများအား UID ကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့နံနက်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ခံခဲ့ရသည့် အိမ်ထောင်စုများအတွက် (၁)စုလျှင် (၄)သိန်းကျပ်စီ ကူညီပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခံခဲ့ရသည့် အိမ်ထောင်စုများအား ပြန်လည်ထူထောင်ရေးဆိုင်ရာ အကူအညီပေးရေးအစီအစဉ်အရ ဂျာမဏီနိုင်ငံ ကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့်လခြမ်းနီများ ဖက်ဒရေးရှင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ပူးပေါင်း၍​ ငွေသားကူညီပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီချိန်က ​ဖြူးသာသနာ့ဗိမာန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းကိုင်မြို့နယ်၌ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဖလား အမျိုးသားအလွတ်တန်း မိုးရာသီဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ရှမ်းစာပေနှင့်ယဉ်ကျေးမှု အသင်းဖလား၊ အမျိုးသားအလွတ်တန်း မိုးရာသီဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ (၂)နာရီက မြို့မအားကစားဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ငါးသိုင်းချောင်းမြို့နှင့် လေးမျက်နှာမြို့တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပေးအပ်ခြင်းနှင့် ဆန်၊ ဆီ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့နှင့် လေးမျက်နှာမြို့တို့၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပေးခြင်းနှင့် ဆန်၊ ဆီ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ နိုင်ငံသားစိစစ်ရေးကတ်များ၊ ဆန်၊ ဆီများပေးအပ်ခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီးကုသရေးဦးစီးဌာန ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီးနှင့် ဟင်္သာတမြို့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက ပြည်သူများအား ကျန်းမာရေး စောင့်‌ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီးကုသရေးဦးစီးဌာန၊ ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီးနှင့် ဟင်္သာတမြို့ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက ငါးသိုင်းချောင်းမြို့ပြည်သူ့ဆေးရုံ၊ လေးမျက်နှာမြို့ ပြည်သူ့ဆေးရုံတို့တွင် ဒေသခံပြည်သူများအား ယမန်နေ့နံနက်ပိုင်းက ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး အခြေခံပညာကျောင်းသား အားကစားပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ

၂ဝ၂၅ - ၂ဝ၂၆ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး အခြေခံပညာကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပဲခူးမြို့၊ ဟံသာဝတီယူနိုက်တက် အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့် ဖွင့်လှစ်ပေးခဲ့သည်။

စလင်းမြို့နယ်ရှိ ဒို့မေတ္တာဆေးခန်းမှ ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့၊ ပုထိုးဖြူရပ်ကွက်၊ ငွေတောင်ဦးကျောင်း၊ ဒို့မေတ္တာ(အခမဲ့)ကုသိုလ်(၈)မျိုး ကျန်းမာရေးနှင့်နာရေးကူညီမှုအသင်းမှ ယမန်နေ့နံနက်ပိုင်းမှစတင်ကာ မွန်းလွဲ(၁)နာရီအချိန်အထိ ရပ်ဝေးရပ်နီးမှ ရဟန်းရှင်လူပြည်သူများအား အခမဲ့ဆေးကုသပေးခဲ့ကြောင်း သိရသည်။
Subscribe to