ရန်ကုန်-နေပြည်​တော်အမှတ်(၃၁)အဆန်၊ အမှတ်(၃၂) အစုန် Diesel Electric Multiple Unit (DEMU) မီးရထားစတင်ပြေးဆွဲလျက်ရှိ

ဒိုက်ဦး   မေ    ၂

မြန်မာ့မီးရထားအနေဖြင့် ပြည်သူများခရီးသွားလာမှု လွယ်ကူအဆင်ပြေချော့မွေ့စေရေးအတွက်ရထားလမ်းပိုင်း အသီးသီးတွင် လူစီးရထားများပြေးဆွဲဆောင်ရွက်ပေးလျက်ရှိပြီးမေလ ၁ရက်နေ့မှစ၍ ရန်ကုန်-နေပြည်တော်အမှတ်(၃၁) အဆန် Diesel Electric Multiple Unit (DEMU)မီးရထားနှင့် နေပြည်တော်-ရန်ကုန်အမှတ်(၃၂)အစုန် Diesel Electric Multiple Unit (DEMU) မီးရထားစတင်ပြေးဆွဲလျက်ရှိရာ ဒိုက်ဦးဘူတာသို့ရောက်ရှိရပ်တန့်ပြေးဆွဲသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါDiesel Electric Multiple Unit (DEMU) မီးရထားပြေးဆွဲသည့် အနေဖြင့် ဒိုက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းထွန်းဝင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သင်းသင်းခိုင်နှင့် ပါတီကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများမှ ရထားစီးနင်းလိုက်ပါလာသည့်ခရီးသွား ပြည်သူများအားအချိုရည်ဗူး ရေသန့်ဗူးများဝေငှပေးခဲ့ကြောင်းသိရှိရသည်။

ယင်းအမှတ်(၃၁) အဆန်Diesel Electric Multiple Unit (DEMU) မီးရထားအနေဖြင့် ရန်ကုန်မှ နေပြည်တော်သို့လည်းကောင်း၊ အမှတ်(၃၂) အစုန်Diesel Electric Multiple Unit (DEMU) မီးရထားအနေဖြင့် နေပြည်တော်မှရန်ကုန်သို့ လည်းကောင်းပြေး ဆွဲလျက်ရှိပြီးလက်မှတ်ရောင်း ချမှုစနစ်မှာလည်း(ORTP) Onlineစနစ်ဖြင့်သာရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။

စိုးထက်ကျော် (ပြန်/ဆက်)