ပြည်မြို့နယ် (၁၂)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် တက်ရောက်ဂုဏ်ပြုပူဇော် ကောင်းမှုကုသိုလ်များပြုလုပ်
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်မြို့နယ် စာဖြေဌာနမှ ၂၀၂၄ ခုနှစ်(စာသင်နှစ်)တွင် ဓမ္မာစရိယစာမေးပွဲ၊ ပါဠိပထမပြန်စာမေးပွဲ၊ နိကာယ်စာမေးပွဲ၊ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲတို့အား ဖြေဆိုအောင်မြင်တော်မူကြသော သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များကို ချီးကျုးဂုဏ်ပြုပူဇော်သည့် (၁၂)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီက ပြည်မြို့ ဝင်္ကဘာတောရကျောင်းတိုက်ဓမ္မာရုံတော်၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ဂုဏ်ပြုပူဇော် ကောင်းမှုကုသိုလ်များပြုလုပ်သည်။