ညောင်လေးပင် မေ ၂
မြန်မာ့မီးရထားအနေဖြင့် ပြည်သူများခရီးသွားလာမှုလွယ်ကူ အဆင်ပြေချော့မွေ့စေရေးအတွက်ရထားလမ်းပိုင်းအသီးသီးတွင် လူစီးရထားများပြေးဆွဲဆောင်ရွက်ပေးလျက်ရှိပြီး မေလ ၁ရက်နေ့မှစ၍ ရန်ကုန်-မန္တလေး-နေပြည်တော်အမှတ်(၁၁) အဆန်နှင့် Diesel Electric Multiple Unit (DEMU) မီးရထားနှင့် အမှတ်(၅)အဆန် Diesel Electric Multiple Unit (DEMU)မီးရထား စတင်ပြေးဆွဲလျက်ရှိရာ ညောင်လေးပင်ဘူတာသို့ရောက်ရှိရပ်တန့် ပြေးဆွဲသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ Diesel Electric Multiple Unit (DEMU) မီးရထားပြေးဆွဲစတင် ပြေးဆွဲနေမှုအား ညောင်လေး ပင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ ဌဦးရာဇာမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့်ရဲတပ်ဖွဲ့ဝင်များက ရထားတွဲဆိုင်းများအတွင်း လိုက်ပါစီးနင်းလာသောခရီး သွားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ယင်းအမှတ် (၁၁) အဆန် Diesel Electric Multiple Unit (DEMU)မီးရထား အနေဖြင့်ရန်ကုန်မှ မန္တလေးသို့လည်းကောင်း၊ အမှတ်(၅) အဆန် Diesel Electric Multiple Unit (DEMU)မီးရထား အနေဖြင့်ရန်ကုန်မှ နေပြည်တော်သို့ကောင်းပြေးဆွဲလျက်ရှိပြီး လက်မှတ်ရောင်းချမှုစနစ်မှာ လည်း(ORTP) Online စနစ်ဖြင့်သာ ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)