မြစ်ကြီးနား မေ ၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်၊ လမ်းသွယ်(၃)၊ နယ်မြေ(၁၅)အတွင်း ယမန်နေ့နံနက် ၈ နာရီခန့်က လူနေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။
ဖြစ်စဉ်မှာ မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်၊ လမ်းသွယ်(၃)၊ နယ်မြေ(၁၅)ရှိ အိမ်အမှတ် (၃၇၈)၌ လျှပ်စစ်မီးပလပ်ခုံအပူလွန်ကဲရာမှတစ်ဆင့် စတင်မီးလောင်ပြီး အနီးရှိထရံသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါမီးလောင်မှုကြောင့် လူနေအိမ်(၂၄×၂ဝ)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၂)ထပ်၊ အိမ်အပေါ်ထပ် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်(၂၉)ဦး၊ အရန်(၁၀)ဦးတို့က မီးငြိမ်းသတ်ယာဉ် (၂)စီး၊ ရေသယ်ယာဉ် (၄)စီးဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၈ နာရီ ၃၀ မိနစ် အချိန်ခန့်က မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် လူ/ တိရစ္ဆာန်ထိခိုက် ဒဏ်ရာရ/သေဆုံးမှုမရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)