တိုက်ကြီး မေ ၅
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ရက် ၁၀၀ စီမံချက်အရ Pilot Project အစီအစဉ်ဖြင့် Football For School Program အရ ဖွင့်လှစ်သည့် ဘောလုံးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးက ယခုလိုအစီအစဉ်များ ကျင်းပပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ကာယကျန်းမာရေးကို တိုးတက်စေခြင်းသာမက စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု၊ အဖွဲ့လိုက်ပူးပေါင်းလုပ်ကိုင်နိုင်စွမ်း၊ စည်းကမ်းလိုက်နာမှုနှင့် ခေါင်းဆောင်မှုစွမ်းရည်များကိုပါ မြှင့်တင်ပေးနိုင်သည့် အစီအစဉ်ကောင်းတစ်ခုဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသက်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဘောလုံးသင်တန်းသားများအား လိုက်လံနှုတ်ဆက်အားပေးကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
ဝတ်ရည် (ပြန်/ဆက်)