ဇလွန်မြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် နွားများအား ကာကွယ်ဆေးထိုးနှံပေး

ဇလွန် မေ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အစိုးရသစ်၏ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာများသို့သွားရောက်၍ နွားမွေးမြူသည့် တောင်သူများအား အသိပညာပေးခြင်းနှင့် နွားများအားကာ ကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်လျက်ရှိရာ ယမန်နေနံနက်ပိုင်းကရေလဲ ကျေးရွာအုပ်စုတွင် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်​တာလေးမွန်ကြည်နှင့် ဝန်ထမ်းများက နွားများတွင် ဖြစ်ပွားတတ်သောရောဂါများအကြောင်း တောင်သူများအား အသိပညာပေးဆွေးနွေးပြောကြား၍ ရေလဲကျေးရွာအုပ်စုရှိ နွားများအား ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ကာကွယ်ဆေးထိုးနှံခြင်းတို့အား ဆောင်ရွက်​​ပေးခဲ့ကြပြီး ကျန်ရှိကျေးရွာများသို့လည်းသွား ရောက်ကာကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ကာကွယ်ဆေးထိုးနှံခြင်းတို့အား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)