ပင်လောင်း မေ ၅
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် လိန်းညားကျေးရွာအုပ်စု၊ တောင်လေးကျေးရွာ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ Footboll for School Pogram အရ ကျင်းပြုလုပ်သော ဘောလုံးသင်တန်းဖွင့်ပွဲအခမ်းအနားကို မေ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က အဆိုပါကျေးရွာဘောလုံးကွင်းတွင် ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းရီရီဝင်းက Footboll for School Pogram ဘောလုံးသင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များကို အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်အားကစားမှူး ဒေါ်မူစန်းစန်းအေးမှ ဆောင်မှု၍ သင်တန်းသား/သင်တန်းသူများက အားကစားသစ္စာအဋ္ဌာန် ရွတ်ဆိုခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်နန်းရီရီဝင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းနောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်းသား/သင်တန်းသူများအား လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ယင်းနောက် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်နန်းရီရီဝင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းနောင်နှင့် မြို့နယ်ပညာရေးမှူး ဦးတင်ငွေတို့က အားကစားအထောက်အကူပြုပစ္စည်းများ၊ နည်းပြဝတ်စုံများနှင့် သင်တန်းသားဝတ်စုံများနှင့် ဘင်ခရာအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ထောက်ပံ့ပေးအပ်ရာ သင်တန်းနည်းပြ ဆရာများ၊ သင်တန်းသား/သင်တန်းသူများ ဘင်ခရာတပ်ဖွဲ့ဝင်များက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
အဆိုပါသင်တန်းကို မေလ ၄ ရက်နေ့မှ မေလ ၂၂ ရက်နေ့ထိ သင်ကြားပေးသွားဖြစ်ရာ သင်တန်းသား/သင်တန်းသူ (၂၀၀)ဦး တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)