ကျောက်ဆည်မြို့နယ်တွင် သင်းတွဲစိုက်ပျိုးရေးရှေ့တန်းစခန်းတွင် နွေသီးနှံမျိုးစုံ ၁၀၄၀၃ ဧက စိုက်ပျိုး

ကျောက်ဆည် ဇွန် ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်တွင် ရေရရှိရေးနည်းလမ်းများ အလိုက် ၂၀၂၄-၂၀၂၅ခုနှစ် နွေသီးနှံမျိုးစုံ ၅၂၅၃၄ဧက စိုက်ပျိုးခဲ့ပြီး သင်းတွဲစိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းတွင် ၁၀၄၀၃ဧက စိုက်ပျိုးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သင်းတွဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်း၌ နွေသီးနှံမျိုးစုံစိုက်ပျိုးရာတွင် နွေးစပါးသီးနှံများကို သင်္ဂတုံကျေးရွာအုပ်စုတွင်(၆၁)ဧက၊ အရှေ့သာဂရကျေးရွာအုပ်စုတွင်(၉၃)ဧက၊ ကလေးကျေးရွာ အုပ်စုတွင် (၂၈၃)ဧက၊ မှိုင်းပန်ကျေးရွာအုပ်စုတွင် (၅၈၇)ဧက၊  ပြည်တော်သာကျေးရွာအုပ်စုတွင် (၃၇၀)ဧက၊ ရှမ်းတောင်ဦး ကျေးရွာအုပ်စုတွင် ဧက (၂၆၀) ၊ ပုထိုးနီကျေးရွာအုပ်စုတွင်(၅၁၇)ဧက၊ ကုလားကျောင်းကျေးရွာအုပ်စုတွင် (၈၇၇) ဧက၊ ငှက္ကတောင်ကျေးရွာအုပ်စုတွင်(၄၄၅)ဧက၊ ထန်းဇင်တော် ကျေးရွာအုပ်စုတွင်(၁၄၅)ဧက၊ အရှေ့ငယ်တိုး ကျေးရွာအုပ်စုတွင်(၆၂၆)ဧက၊ နွေနှမ်း သီးနှံများကို သင်္ဂတုံကျေးရွာအုပ်စုတွင်(၆၅၈)ဧက၊ အရှေ့သာဂရကျေးရွာ အုပ်စုတွင်(၃၀၂)ဧက၊ ကလေးကျေးရွာအုပ်စုတွင် (၄၉၉)ဧက၊ မှိုင်းပန်ကျေးရွာအုပ်စုတွင်(၁၄၁)ဧက၊ ပြည်တော်သာကျေးရွာ အုပ်စုတွင်(၂၇၉)ဧက၊ ရှမ်းတောင်ဦးကျေးရွာအုပ်စုတွင်(၃၄၅)ဧက၊ ပုထိုးနီကျေးရွာ အုပ်စုတွင် (၁၂၅)ဧက၊ ကုလားကျောင်းကျေးရွာအုပ်စုတွင်(၂၁၇)ဧက၊ ငှက္ကတောင်ကျေးရွာ အုပ်စုတွင် (၃၉၃)ဧက၊ ထန်းဇင်တော်ကျေးရွာ အုပ်စုတွင် (၁၄)ဧက၊ အရှေ့ငယ်တိုးကျေးရွာအုပ်စုတွင်(၇၀၁)ဧက၊ ရွှေဒါး ကျေးရွာအုပ်စုတွင်(၁၅၁)ဧက၊ ရဲဘော်ကြီးကျေးရွာအုပ်စုတွင်(၂၃)ဧက မိုးကြိုပဲတီစိမ်းသီနှံများကို  ပြည်တော်သာကျေးရွာအုပ်စုတွင် ဧက(၂၈၀)၊ ရှမ်းတောင်ဦးကျေးရွာအုပ်စုတွင်(၃၇)ဧက၊ ပုထိုးနီကျေးရွာအုပ်စုတွင်(၈)ဧက၊ ကုလားကျောင်းကျေးရွာ အုပ်စုတွင်(၇၆)ဧက၊ ငှက္ကတောင်ကျေးရွာအုပ်စုတွင်(၉၆)ဧက၊ ထန်းဇင်တော်ကျေးရွာအုပ်စုတွင်(၅၅)ဧက၊ အရှေ့ငယ်တိုးကျေးရွာအုပ်စုတွင် (၆၅၉) ဧက၊ ရွှေဒါးကျေးရွာ အုပ်စုတွင်(၄၂၂)ဧက၊ ရဲဘော်ကြီးကျေးရွာအုပ်စုတွင် (၆၅၈)ဧက စုစုပေါင်းသီးနှံစုံ(၁၀၄၀၃)ဧကစိုက်ပျိုးထားရှိကြောင်း သိရသည်။

နွေသီးနှံများ မျှော်မှန်းအထွက်နှုန်းရရှိရေး  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူ များနှင့်ပူးပေါင်း၍ ဒေသနှင့်ကိုက်ညီသည့်မျိုးများ၊ စိုက်နည်းစနစ်များ စနစ်တကျကူညီပေးလျက်ရှိပြီး  မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများ ပြည့်ဝစွာပေးဝေလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)