မက်မန်း ဇွန် ၂၄
ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်း အမှတ် အကြို ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့က မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြ ဆရာတစ်ဦးမှ ပြိုင်ပွဲဝင်စည်းမျဉ်း စည်းကမ်းများနှင့် ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲအားဆက်လက်ကျင်းပခဲ့ရာ အထက်တန်းအဆင့် ပိုစတာပြိုင်ပွဲတွင် ကျောင်းသား (၂) ဦး၊ ကျောင်သူ (၁) ဦး၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား (၁) ဦး၊ ကျောင်းသူ (၆) ဦး၊ အလယ်တန်းအဆင့် ကာတွန်းပြိုင်ပွဲတွင် ကျောင်းသူ (၄) ဦးနှင့် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ကျောင်းသား (၃) ဦး၊ ကျောင်းသူ (၄) ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အေဇက်ထွန်း(မက်မန်း)