သာကေတမြို့နယ်တွင် မြန်မာဂီတနေ့အခမ်းအနားကျင်းပ

သာကေတ ဇွန် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် ဂီတအစည်းအရုံးမှ ဦးဆောင်၍ ဇွန် ၂၇ ရက်တွင် ကျရောက်မည့် မြန်မာဂီတနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာဂီတနေ့ အခမ်းအနားကို ဇွန် ၂၂ ရက် နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီထိ သာကေတမြို့နယ် ဧရာဝဏ်လမ်းမကြီး (၁ / အနော်မာကန်ရှေ့) ရှိ ပါကြီးစားတော်ဆက်၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးလွင်မြင့်၊ ဒုတိယဥက္ကဋ္ဌ ဦးမြင့်အောင်၊ သာကေတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ သာကေတမြို့နယ် ဂီတအစည်းအရုံးဝင်များ၊ မြို့နယ်အသီးသီးရှိ ဂီတအစည်းအရုံးဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

မင်္ဂလာအချိန်ကျရောက်သည့် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)ဥက္ကဋ္ဌ ဦးလွင်မြင့်၊ ဒုတိယဥက္ကဋ္ဌ ဦးမြင့်အောင်၊ သာကေတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူး သူရိန်ဇော်၊ အဖွဲ့ဝင် (၂) ဦးညွန့်ဝေ၊ အဖွဲ့ဝင် (၃) လ.ဝက ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးစံသိန်း၊ သာကေတမြို့နယ် ဂီတအစည်းအရုံးဥက္ကဋ္ဌ တေးသံရှင် ကိုလတ်၊ အခမ်းအနားဖြစ်မြောက်ရေး ပင်မအလှူရှင် သာကေတမြို့နယ် ဂီတအစည်းအရုံး ဂုဏ်ထူးဆောင်နာယက ဦးထွန်းမင်းဦး + သုဓမ္မသိင်္ဂီ ဒေါ်ခင်ပြည့်ပြည့်ဖြိုး (ခ) တေးသံရှင် ပြည့်ပြည့်တို့က ဇွန် ၂၇ ရက်တွင်ကျရောက်မည့် မြန်မာဂီတနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။

ဆက်လက်၍ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးလွင်မြင့်က အဖွင့်မုဒိတာစကားပြောကြားပြီး သာကေတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးညွန့်ဝေက မြန်မာဂီတ​နေ့ဖြစ်ပေါ်လာပုံများ ပြောကြားသည်။ ထို့နောက် အခမ်းအနားဖြစ်မြောက်ရေး ပင်မအလှူရှင် ပုဇွန်တောင်မြို့နယ် အမှတ် (၁၀) ရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး အမှတ် (၇၂) နေ သာကေတမြို့နယ် ဂီတအစည်းအရုံး ဂုဏ်ထူးဆောင်နာယက ဦးထွန်းမင်းဦး + သုဓမ္မသိင်္ဂီ ဒေါ်ခင်ပြည့်ပြည့်ဖြိုး၊ သမီး မသွန်းရတီသန့်၊ သား မောင်ဝေယံဘုန်းသန့် မိသားစု ( 772 SEVEN SEVEN TWO LOGISTICS CO. LTD) အား မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးလွင်မြင့်က သာကေတမြို့နယ် ဂီတအစည်းအရုံးကိုယ်စား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။ ယင်းနောက် သာကေတမြို့နယ် ဂီတအစည်းအရုံးဥက္ကဋ္ဌ တေးသံရှင်ကိုလတ်က ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် သာကေတမြို့နယ်ဂီတအစည်းအရုံးမှ ဂီတအနုပညာရှင်များ၊ နိုင်ငံကျော်တေးသံရှင်များက The Friends Band ၊ တယော ရွှေနဂါးကိုအောင်မိုး၊ ဗုံကိုလှကြိုင်တို့နှင့် တွဲဖက်သီဆိုကာ မြန်မာဂီတနေ့ကို ကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။

သဲထက်ဇင် (ပြန်/ဆက်)