မိတ္ထီလာခရိုင်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂ဝ၂၅) ကျင်းပ

မိတ္ထီလာ ဇွန် ၂၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂ဝ၂၅) ကို ယမန်နေ့နံနက် ၁ဝ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက အမှာစကားပြောကြားသည်။  ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ခရိုင်အမျိုးသမီးကော်မတီ၏ ရည်မှန်းချက်လုပ်ငန်းတာဝန်များ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ကော်မတီတွင်ပါဝင်ကြသည့် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မိမိတို့ကော်မတီနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များကို အပြန်အလှန်မျှဝေပေးကြရန်၊ ကော်မတီ၏လုပ်ငန်းလိုအပ်ချက်များအပေါ် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် ထည့်သွင်းပြောကြားသည်။ ထိုနောက် ခရိုင်အမျိုးသမီးကော်မတီအတွင်းရေးမှူး ခရိုင်လူမှုဝန်ထမ်းဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်စောနှင်းဦးက လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းတာဝန်များနှင့် ခရိုင်အမျိုးသမီးကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်း တင်ပြသည်။ ဆက်လက်၍ တက်ရောက်လာကြသည့် ခရိုင်အမျိုးသမီးကော်မတီဝင်များက ကော်မတီ၏ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပါဝင်ဆွေးနွေးခဲ့ပြီး ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်းသိရသည်။

ချမ်းသာ