ကလိန်အောင်မြို့၌ (၆) ကြိမ်မြောက် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေး

ကလိန်အောင် ဇွန် ၂၄

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ အမှတ်(၃)ရပ်ကွက်၌ ဇွန် ၂၄ ရက် နံနက် ၉ နာရီက (၆)ကြိမ်မြောက် COVID-19 ရောဂါကာကွယ် ဆေးထိုးနှံပေးကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ရေဖြူမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သားဖွားဆရာမ ဒေါ်ခင်သူဇာငြိမ်းနှင့် ကျန်းမာရေး ဝန်ထမ်းများပါဝင်သောအဖွဲ့သည် မြို့ပေါ်ရပ်ကွက်နှင့် အနီး ဝန်းကျင်ကျေးရွာများမှ အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများ၊ အမျိုးသား  ၁၆ ဦး၊ အမျိုးသမီး  ၁၄ဦး စုစုပေါင်း ဒေသခံပြည်သူ ၃၀ တို့ကို (၆)ကြိမ်မြောက် COVID-19 ရောဂါကာကွယ်ဆေး Pfizer ကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကလိန်အောင်(ပြန်/ဆက်)