လှည်းကူး ဇွန် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ Pfizer COVID-19 JN1 ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာသောင်းဒန်ဦး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့မွန်းလွဲပိုင်းက ဂွေးတောက်အိုင်ကျေးရွာရှိ ပြည်သူများအား ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ထိုးနှံဆောင်ရွက်ပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက အသက် ၁၈ နှစ်ပြည့်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ ထိုးနှံခဲ့ခြင်းမရှိသူများနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီး ခြောက်လပြည့်ပြီးသူများအား Pfizer COVID-19 JN1 ကာကွယ်ဆေးထိုးနှံပေးခြင်းကို လှည်းကူးမြို့နယ်၊ ဂွေးတောက်အိုင်ကျေးရွာရှိ ပြည်သူ(၆၃)ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
အေးအေးနွဲ့(လှည်းကူး)