မိုင်းယန်း ဇွန် ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိူင်းတုံခရိုင်၊ မြို့ယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်/ မြို့နယ်အမျိုးရေးရာအဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ "မြန်မာအမျိုးသမီးများနေ့"အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောပွဲကို ယနေ့နေ့လယ် ၁ နာရီက မွန်ကဲရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ကျောင်းသား၊ ကျောင်းသူများအား ဟောပြောပွဲများ ပြုလုပ်ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် "မြန်မာအမျိုးသမီးများနေ့" စတင်ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းအကျဉ်းအား အသိပညာပေး ရှင်းလင်းဟောပြောသည်။
ထို့နောက် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နွယ်နီဝင်းက ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင်ကျရောက်မည့် "မြန်မာအမျိုးသမီးများနေ့"နှင့် ပတ်သတ်၍ အမျိုးသမီးများ၏ ဂုဏ်ရည်၊ စွမ်းဆောင်ရည်၊ တန်းတူအခွင့်အရေးများ စသည့်အကြောင်းအရာများဖြင့် အသိပညာပေးရှင်းလင်းဟောပြောရာ မသိနားမလည်သည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များပြသခဲ့ပြီး အသိပညာဗဟုသုများကြွယ်ဝရန်အတွက် သုတ၊ ရသ စာအုပ်စာစောင်များ ခင်းကျင်းပြသ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး