သင်္ဃန်းကျွန်း ဇွန် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အခြေခံပညာအထက်တန်းကျောင်း(သုဝဏ္ဏ)တွင် ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က အမှိုက်ခွဲခြားစွန်ပစ်သည့် ရောင်စုံအမှိုက်ပုံး ဝါ၊ စိမ်း၊ နီ၊ ပြာ (၇) စုံအား သင်္ဃန်းကျွန်းမြို့နယ်အတွင်း လိုအပ်လျက်ရှိသည့် အခြေခံပညာအထက်တန်းကျောင်း (၅) ကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ (၂)ကျောင်းတို့အား ပေးအပ်လှူဒါန်းသွားမည်ဟုသိရသည်။
ရှေးဦးစွာ သင်္ဃန်းကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဠ ဦးလှမျိုးက အဖွင့်အမှာစကားပြောကြားပြီး အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက်နှင့် အန္တရာယ်ရှိ အမှိုက်တို့အား စနစ်တကျစွန့်ပစ်တတ်စေရန် ရည်ရွယ်ကြောင်း၊ အမှိုက်ပုံံး(၇)စုံ၊ (၂၈)ပုံးလှူဒါန်းခဲ့သည့် အလှူရှင်များကိုယ်စား ဆရာစိုး Genius ပညာရေးမိသားစုက လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်ပညာရေးမှူး ဦးထလာချုမ်းက ကျေးဇူးတင်စကားပြောကြားခြင်း၊ သင်္ဃန်းကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဠ ဦးလှမျိုး၊ ခရိုင်ပညာရေးမှူး ဒေါ်စုစုခင်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းတို့က အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံံရိုက်ကူးကာ အခမ်အနားပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။
ဇော်မိုး