မင်းလှ ဇွန် ၂၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်ကုမ္ပဏီဆီဖြန့်ဖြူးရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနတို့က အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား စားအုန်းဆီများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံ၌ ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်သည်။
ထိုသို့ ရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးစိန်ဝင်းနှင့် ဝန်ထမ်းများက မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုလာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း (၁၂၀) ဦးအား တစ်ဦးလျင် စားအုန်းဆီ (၅၀ ဆယ်သား) နူန်းဖြင့် ဆီပိသာ(၆၀) အား ရောင်းချပေးခဲ့ကြောင်း သိရသည်။
ပေါက်စ