ဇလွန်မြို့နယ်၌ ဆန်၊ စားအုန်းဆီနှင့် ကြက်ဥများအား သက်သာသောစျေးနှုန်းဖြင့်ရောင်းချပေး

ဇလွန် ဇွန် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီ၏ကြီးကြပ်မှုဖြင့် လမ်းမတော်တောင်ရပ်ကွက်၌ ယနေ့နံနက်ပိုင်းတွင် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ စားအုန်းဆီနှင့် ကြက်ဥများအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ရောင်းချရာတွင် အခြေခံစားသောက်ကုန်ဆင်းသုခဆန် တစ်ပြည်လျှင် (၂၀၀၀)ကျပ်နှုန်း၊ ဆီငါးဆယ်ကျပ်သားတစ်ဘူးလျှင် (၃၅၀၀) ကျပ်နှုန်း၊ ကြက်ဥတစ်လုံးလျှင် (၃၃၀) ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ပြီး ယင်းသို့ရောင်းချပေးနေမှုအား  မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေး ကော်မတီအဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ဝေယံ-ဇလွန်