ညောင်လေးပင်မြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိ

ညောင်လေးပင် ဇွန် ၂၄

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ယမန်နေ့နံနက်(၉)နာရီအချိန်က မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာတက်ကြွသော လူကြီးဘဝသဘောတရားကိုအခြေခံ၍ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးကြောင်းသိရသည်။

ရှေးဦးစွာ ကျန်းမာရေးစောင့်ရှောက်မှုခံယူနေသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)၊ ရွှေလုပ်ငန်းရှင်များအသင်းအလှူရှင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းမိသားစုများနှင့် မြို့မိမြို့ဖများမှစုပေါင်း၍ ဆေးနှင့်ဆေးဝါးများဝိုင်းဝန်းထောက်ပံ့ပေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးလှမြင့်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဗိုလ်ကြီးဇော်မင်းယု၊ ရွှေလုပ်ငန်းရှင်အသင်းအလှူရှင်များ၊ ကိုဖိုးခွား(ဆေးဆိုင်)မှ စေတနာရှင်ဆေးအလှူရှင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းမိသားစုများနှင့် မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြပြီး မြို့နယ်ဆရာဝန်ကြီးဒေါက်တာစောကလျာမှဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိအငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ငွေကြေးကုန်ကျမှုမရှိစေဘဲ ကျန်းမာရေးတိုးတက်ကောင်းမွန်စေရေး၊ ကိုယ်လက်လှုပ်ရှားအားကစားများပြုလုပ်ပေးခြင်း၊ ဆီးချိုသွေးချိုတိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ရောဂါများဖြစ်ပွားနေပါက စောလျင်စွာကုသခြင်းဖြင့် နောက်ဆက်တွဲ ဆိုးကျိုးများမဖြစ်ပေါ်စေရေး၊ ဆောင်ရန်/ရှောင်ရန်များအား သေချာစွာသိရှိနားလည်ပြီး သက်တမ်းစေ့နေထိုင်သွားနိုင်စေရေးတို့အတွက် လစဉ်လတိုင်း ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် ( ပြန်/ဆက်)