ပန်းတောင်း ဇွန် ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက သူရဲဇီးကျေးရွာအုပ်စု၊ သူရဲဇီးကျေးရွာ၊ အ.မ.က လွန် (သူရဲဇီး) ကျောင်း၌ ငလျင်ဘေးအန္တရာယ်နှင့် စပ်လျဥ်း၍ အသိပညာပေးဟောပြောခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောမှုအစီအစဉ်တွင် အ.မ.က လွန် (သူရဲဇီး) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ/ဆရာမ (၁၁၁) ဦးအား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေခိုင်ဆက်က လက်ကမ်းစာစောင်များ ဖြန့်ဝေကာ ငလျင်မလှုပ်မီသိရှိဆောင်ရွက်ထားရန်အချက်များ၊ ငလျင်လှုပ်နေစဉ် ဆောင်ရွက်ရန်အချက်များ၊ ငလျင်လှုပ်ပြီးနောက် ဆောင်ရွက်ရန်အချက်များကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။
လပြည့်လင်း (ပြန်/ဆက်)