ကလောမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

ကလော ဇွန် ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၉ နာရီက ၂၀၂၅ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) “ဝိုင်းဝန်းကာကွယ်မူးယစ်‌ဆေးဝါးအန္တရာယ်နှင့် မူးယစ်ဆေးဝါး တို့ရှောင်ရှား” ခေါင်းစဉ်ဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးခွန်အာကာထွန်းက ကျောင်းသား၊ ကျောင်းသူများအား ဉာဏ်ရည်၊ ဉာဏ်သွေး ပိုမိုမြင့်မားလာစေရန်၊ စဉ်းစား‌တွေးခေါ်မှုအားကောင်းစေရန်၊ တစ်ဦးနှင့်တစ်ဦးချစ်ခင်ရင်းနှီမှုရရှိ‌စေရန်၊ စာကြည့်တိုက်နှင့် အကျွမ်းတဝင်ရှိပြီး စာ‌ပေချစ်မြတ်နိုးသည့်စိတ်များ‌ ပေါ်ပေါက်လာကာ စာပေဖတ်ရှုခြင်းဖြင့် အတွေးအမြင်ဗဟုသုတများ ပိုမိုကြွယ်ဝလာ‌စေရန်နှင့် နေ့ထူး‌နေ့မြတ်များကို အစဉ်အမြဲအမှတ်ရစေရန်အတွက်ရည်ရွယ်၍ ပြိုင်ပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်‌ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စာ‌ရေးဆရာအသင်းဒုတိယဥက္ကဋ္ဌ ဦးဇော်သိန်းရည်က ပြိုင်ပွဲအမှတ်ပေးစည်းမျဥ်စည်းကမ်းအ‌ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကလောမြို့ပေါ်ရှိ အ‌ခြေခံပညာ‌ကျောင်း (၁၀)ကျောင်းမှ မူလတန်းအဆင့် Grade -5 ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးက စာရေးဆရာနုခန့်ယဉ်(ရစ်ကန်ကြီး)ရေးသားသည့် “မူးယစ်ဆေးဝါး တို့ရှောင်ရှား”ခေါင်းစဉ်နှင့် မောင်သန်းနိုင်(မုဒုံ)ရေးသားသည့် “ဝိုင်းဝန်းကာကွယ် မူးယစ်ဆေးဝါးအန္တရာယ်”ခေါင်းစဉ်တို့ကို အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတများတိုးပွားစေရေးအတွက် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ၊ ရသစာအုပ်များပြသခြင်း၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့် ၂၀၂၅ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)