ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မြန်မာအမျိုးသမီးများနေ့အကြိုအထိမ်းအမှတ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတက်ရောက်

ဇူလိုင်လ(၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာအမျိုးသမီးများနေ့အကြို အထိမ်းအမှတ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဘိုးဘွားရိပ်သာခြံဝင်း၌ပြုလုပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူ များတက်ရောက်ကြ သည်။

ညောင်လေးပင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း လုပ်ငန်းဆောင်ရွက်ခြင်းတို့ကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အ.ထ.က(ဇီးကုန်းကြီး)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးငလျင်ဘေးသင့်ပြည်သူများအား ဆန်(၁)လစာ (ဒုတိယ)အကြိမ်နှင့် ဝန်ထမ်းမှီခိုသူများအတွက် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ငါးပိ (၁)လစာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားများသို့ တက်ရောက်

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက မန္တလေးငလျင်ဘေးသင့် ပြည်သူများအား ဆန်(၁)လစာ (ဒုတိယ)အကြိမ် နှင့် ဝန်ထမ်းမှီခိုသူများအတွက် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ငါးပိ (၁)လစာ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားများကို ယမန်နေ့ နံနက်ပိုင်းက ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့ရှိ မြို့တော်ခန်းမ၌လည်းကောင်း၊ မွန်းလွဲပိုင်းက အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌လည်းကောင်း ကျင်းပခဲ့ကြောင်း သိရသည်။

မောက်မယ်မြို့နယ်၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ဆွေးနွေးပွဲကို ယမန်နေ့နေ့လယ် ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ကျောက်ဆည်ခရိုင်အတွင်း အာရှသားဆီစက်လုပ်ငန်းတွင် ဆီသန့်စင်စက်ဝယ်ယူတပ်ဆင်၍ ဆီသန့်စင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဆောက်အင်းဆိုလာစနစ် ပူးတွဲလျှပ်စစ်မြစ်ရေတင်စီမံကိန်းတို့အား ကွင်းဆင်းကြည့်ရှု

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ယမန်နေ့ နံနက်ပိုင်းက ကျောက်ဆည်ခရိုင်အတွင်း ဆီသန့်စင်စက်ဝယ်ယူတပ်ဆင်၍ ဆီသန့်စင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ နွေစပါးပန်းတိုင် အထွက်နှုန်းရရှိရေး စံပြကွက်အောင်မြင်ဖြစ်ထွန်းမှု ကွင်းသရုပ်ပြပွဲနှင့် ဆောက်အင်းဆိုလာစနစ် ပူးတွဲလျှပ်စစ်မြစ်ရေတင်စီမံကိန်းလုပ်ငန်းများသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။

လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်ပွဲ ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၈၈)စက်မှုလယ်ယာစခန်းနှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(သထုံ)တို့ ပူးပေါင်း၍ဖွင့်လှစ်သည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်က မြေနီကုန်းကျေးရွာရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

သမိုင်းဝင်ရွှေကြက်ကျဆုတောင်းပြည့်မြတ်စွာဘုရားအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် ဖူးမြော်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ယမန်နေ့ မွန်းလွဲပိုင်းက အမရပူရမြို့နယ်ရှိ သမိုင်းဝင်ရွှေကြက်ကျဆုတောင်း ပြည့်မြတ်စွာဘုရားသို့ သွားရောက်ဖူးမြော်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုရား၊ စေတီ၊ ပုထိုးများနှင့် သာသနိကအဆောက်အအုံများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန၌ ငွေစာရင်းထိန်းသိမ်းနည်းသင်တန်း (၁/၂၀၂၅) ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဝန်ထမ်းများ ရုံးလုပ်ငန်းဆောင်ရွက်ရာတွင် ငွေစာရင်းထိန်းသိမ်းနည်းလမ်းများ ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ငွေစာရင်းထိန်းသိမ်းနည်းသင်တန်း (၁/၂၀၂၅)ကို ယမန်နေ့နံနက်ပိုင်းက ဖွင့်လှစ်သင်ကြားခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲဝင် အမျိုးသားအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲဝင် ယူ ၂၃ အမျိုးသားအသင်းသားများအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to