တိုင်းဒေသကြီးဝန်ကြီးချုပ်ဧရာဝတီတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့က ကြီးမှူးကျင်းပသည့် (၂၄)ကြိမ်မြောက် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အဆင့်မြင့်ပညာအဆင့်စာစီစာကုံးပြိုင်ပွဲအား သွားရောက်ကြည့်ရှုအားပေး
ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့က ကြီးမှူးကျင်းပသည့် (၂၄)ကြိမ်မြောက် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အဆင့်မြင့် ပညာအဆင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်၊ မြတ်လေးဆောင်တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။