တောင်တွင်းကြီးမြို့နယ်တွင် စာအုပ်၊ စာစောင်ပြပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမ၌ ယနေ့ နံနက်(၁၀)နာရီက စာအုပ်/စာစောင် ပြပွဲကျင်းပခဲ့ကြောင်း သိရသည်။

မက်မန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် မြန်မာအမျိုးသမီးများ၏ အခွင့်အရေးများအကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင်ရောက်ရှိမည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို မြန်မာအမျိုးသမီးများ၏ အခွင့်အရေးများအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီ ၃၀ မိနစ်အချိန်တွင် မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

ဇမ္ဗူသီရိမြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ ဇမ္ဗူသီရိ ဇူလိုင် ၂ မြို့နယ်(ပြန်/ဆက်)

မြစ်သားမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဉာဏ်ရည်တု (AI)အသုံးပြုနည်း‌   တောင်သူနည်းပညာပေး ဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခုနှစ် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဉာဏ်ရည်တု(AI)အသုံးပြုနည်း‌   တောင်သူနည်းပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မိုင်းမောကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာရှိ ရွာလယ်ခန်းမတွင် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့၌ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး၊ ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်း အစီအစဉ်ဖြင့် ဖွင့်လှစ်သည့်  အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက မင်္ဂလာကွက်သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကော့သောင်းခရိုင်အတွင်းရှိ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များအား လက်ဆောင်ပစ္စည်းများပေးအပ်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကော့သောင်းခရိုင်အတွင်းရှိ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များအား လက်ဆောင်ပစ္စည်းများပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉  နာရီခန့်က ကော့သောင်းမြို့ မဉ္ဇူသကခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရဲမှူး ကြီးမြင့်ထွန်းနှင့် တိုင်းဒေသကြီးမှတာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များတက်ရောက်ကြသည်။
Subscribe to