တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန၌ ငွေစာရင်းထိန်းသိမ်းနည်းသင်တန်း (၁/၂၀၂၅) ဖွင့်လှစ်

တောင်ငူ ဇူလိုင် ၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဝန်ထမ်းများ ရုံးလုပ်ငန်းဆောင်ရွက်ရာတွင် ငွေစာရင်းထိန်းသိမ်းနည်းလမ်းများ ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ငွေစာရင်းထိန်းသိမ်းနည်းသင်တန်း (၁/၂၀၂၅)ကို ယမန်နေ့နံနက်ပိုင်းက ဖွင့်လှစ်သင်ကြားခဲ့သည်။

ထိုသို့ သင်တန်းဖွင့်လှစ်ရာတွင် တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ငွေစာရင်းထိန်းသိမ်းနည်းလမ်းများကို နားလည်တတ်ကျွမ်းလာကာ အသုံးစရိတ်များကို ဘဏ္ဍာရေးစည်းမျဥ်းစည်းကမ်းများနှင့်အညီ အသုံးပြုတတ်စေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်လာစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားပြီး ငွေစာရင်းထိန်းသိမ်းရေးနည်းလမ်းများအနက်မှ ဘဏ်များတွင် စာရင်းဖွင့်ရန်နှင့် ပိတ်ရန်နည်းလမ်းများ၊ ရန်ပုံငွေလွှဲအပ်စာရင်း ပြင်ဆင်ရေးဆွဲခြင်း၊ ရန်ပုံငွေလွှဲအပ်စာရင်း ပေးပို့ခြင်း စသည်တို့ကို စာတွေ့လက်တွေ့ ဆွေးနွေးပို့ချသင်ကြားသည်။

အဆိုပါသင်တန်းတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ငူခရိုင်ရုံးနှင့် မြို့နယ်ရုံးများမှ အရာထမ်း၊ အမှုထမ်း (၁၁)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)