ရွှေဘိုတက္ကသိုလ်တွင်၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ရွှေဘိုတက္ကသိုလ်တွင်၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ ရွှေဘို ဇူလိုင် ၁ ခရိုင်(ပြန်/ဆက်)

မိုင်းတုံမြို့‌ ဝမ်နားကျေးရွာ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး လက်ကမ်းစာ‌စောင်ဖြန့်‌ဝေခြင်းနှင့်‌ ဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ နောင်ပါရင်ဘုန်းကြီး‌ကျောင်း၌ ယမန်နေ့ ညနေပိုင်းက သက်ဆိုင်ရာဌာနများနှင့် ရပ်ကွက်‌အုပ်ချုပ်‌ရေးမှူး၊ ရပ်ကျေးစာရေး၊ ရပ်မိ၊ ရပ်ဖများပူးပေါင်း၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍  ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ် အမျိုးသမီးကော်မတီမှကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ရောက်ရှိသည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းတုံမြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု‌အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများစုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးဝန်းရှိ မြို့နယ်အစည်းအ‌ဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်စု‌အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများစုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်၌ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းသရုပ်ပြပွဲ ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် အောင်မင်္ဂလာရပ်ကွက် ကွင်းအမှတ် (၄၅၅)ဦးပိုင်အမှတ် (၅၉/၂) ရှိ တောင်သူဦးမြင့်စိုး၏ လယ်မြေ (၃) ဧကတွင် ဆင်းသုခစပါးမျိုးအား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းသရုပ်ပြပွဲကို ဇွန် ၃၀ ရက် နံနက်  ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ နွေ၊ မိုး၊ ဆောင်း ရာသီပြည့်သီးနှံများစိုက်ပျိုးနိုင်ရေးနှင့် ငလျင်ဘေးပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး၊ နေပြည်တော်အတွင်း ဆေးလိပ်ငွေ့ကင်းစင်နယ်မြေများသတ်မှတ်နိုင်ရေး အသိပေးဆွေးနွေးပွဲတက်ရောက်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ်၊ လေသာ-ဇီးကုန်းလမ်းပေါ်ရှိ ဆင်သေချောင်းသို့သွားရောက်ပြီး လမ်းဘေးဝဲယာနှင့်ချောင်းတစ်လျှောက် သီးနှံစိုက်ပျိုးထားရှိမှုများအားကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လယ်ယာမြေများတွင် ပလပ်မြေမရှိအောင်ကွက်ပြည့်စိုက်ပျိုးရေး၊ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး၊ သီးနှံစိုက်စွမ်းအားမြှင့်တင်နိုင်ရေး၊ လယ်ယာမြေများတွင်သတ်မှတ်သီးနှံအမျိုးအစားများသာ စိုက်ပျိုးစေရေးတို့ကို မှာကြားခဲ့သည်။

စကုမြို့၌ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး၊ ဈေးမီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး၊ စည်ပင်သာယာမြို့မဈေးကြီး မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ယမန်နေ့ နေ့လယ်ပိုင်းက သွားရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း စတင်ဆောင်ရွက်နေမှု ကြည့်ရှုအားပေး

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါမျိုးကွဲအတွက် ရည်ရွယ်ထုတ်လုပ်ထားသော PFizer , JN-1 အား ကယားပြည်နယ်အတွင်းရှိ ဝန်ထမ်းများနှင့် ပြည်သူများအား ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။ 

၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် တက္ကသိုလ်ပေါင်းစုံ လှယဉ်ကျေးမယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် တက္ကသိုလ်ပေါင်းစုံ လှယဉ်ကျေးမယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

ဒဂုံမြို့နယ် အခြေခံပညာကျောင်းများတွင် ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ အခြေခံပညာကျောင်းများဖြစ်သော အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်းနှင့် အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းတို့တွင် ယမန်နေ့နံနက်(၁၀:၀၀)နာရီက ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to