သရက်ချောင်းမြို့နယ်၌ မိုးစပါးစိုက်ပျိုးရန်အတွက် တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများ ဆက်လက်ထုတ်ချေးပေး
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား ၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရန်အတွက် စိုက်ပျိုးစရိတ် ချေးငွေများကို ယနေ့နံနက် (၉:၃၀) မှ စတင်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဝန်ထမ်းများက စနစ်တကျ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။