လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်ပွဲ ကျင်းပ

သထုံ ဇူလိုင် ၂

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၈၈)စက်မှုလယ်ယာစခန်းနှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(သထုံ)တို့ ပူးပေါင်း၍ဖွင့်လှစ်သည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်က မြေနီကုန်းကျေးရွာရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးစိုးက သင်တန်းဖွင့် အမှာစကားပြောကြားပြီး မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးရဲမြင့်က သင်တန်းဖွင့်လှစ်ပေးရသည့် ရည်ရွက်ချက်နှင့် သင်တန်း၏အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှူး ဦး‌အောင်ခန့်ကျော်တို့က သင်တန်းသားများထံ သင်ထောက်ကူပစ္စည်းများနှင့် သင်တန်း ID ကတ်များ ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းတွင် ဒေသတွင်းလယ်ယာလုပ်ငန်းခွင်များ၌ အသုံးပြုမှုများသည့် တစ်လုံးထိုးလက်တွန်းထွန်စက်၊ ထွန်စက်ကြီး၊ ရိတ်ခြွေစက်နှင့် ကောက်စိုက်စက်များအား စနစ်တကျမောင်းနှင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းများကို စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(သထုံ)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၃၆)ဦးတို့အား စက်မှုလယ်ယာဦးစီးဌာနမှ ကျွမ်းကျင်နည်းပြများက ဇူလိုင်လ(၁)ရက်နေ့မှ (၁၂)ရက်နေ့အထိ စာတွေ့လက်‌တွေ့ (၁၂)ရက်ကြာသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)